Post မတင်ဖြစ်တာတောင်အတော်ကြာသွားပြီး ဒီနေ့တော့အားတာနဲ့ စာနည်းနည်းတင်ဖြစ်တယ် သူငယ်ချင်းတွေလည်း ဗဟုသုတရအောင်လို့ဝေမျှပေးလိုက်ပါတယ်။
? သူငယ်ချင်းဆိုတာဘာလဲ။ သူငယ်ချင်းကောင်းဆိုတာဘာလဲ။
* သူငယ်ချင်းဆိုတာ ရင်ထဲမှာ ဖြူစင်သန့်ရှင်းစွာ နေရာယူထားသူပေါ့။ သူငယ်ချင်းကောင်းဆိုတာကတော့ ကိုယ်နဲ့အတူ အေးအတူပူအမျှ ဝေမျှခံစားနိုင်တဲ့သူ အချင်းချင်းအပြန်အလှန် ရင်ဘတ်ပေးပြီးပေါင်းကြသလို အရေးအကြောင်းရှိရင် ခေါင်းမရှောင်ဘဲ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပေးတဲ့သူမျိုးပေါ့။

? လူတစ်ယောက်ရဲ့ဘ၀အောင်မြင်ဖို့အတွက် ဘာအရေးကြီးဆုံးလဲ။
* လူတစ်ယောက်ရဲ့ဘ၀အောင်မြင်ဖို့အတွက် ပြင်းပြတဲ့စိတ်ရှိနေဖို့ပါဘဲ။ ကိုယ်ဖြစ်ချင်တာ အောင်မြင်ချင်တာ ဘာလဲဆိုတာ အသေအချာသိပြီး ဖြစ်ချင်တဲ့စိတ် အမြဲမပြတ် ရင်ထဲမှာ ခေါင်းထဲမှာ ရှိနေဖို့ပါဘဲ။
? လူတစ်ယောက်ဟာ ဘယ်နှစ်ခါချစ်လို့ရပါသလဲ။
* သဘာဝအတိုင်းဆိုရင် လူတစ်ယောက်ဟာ အကြိမ်များစွာ ချစ်နိုင်ပါတယ်။ သံယောဇဉ်ကို မွေးဖွားပေးတဲ့ ချစ်တတ်တဲ့နှလုံးသားဆိုတာ အသက်သေမှပဲ ရပ်သွားတာမျိုးပါ။ မောင်နှမအရင်းမဟုတ်ဘဲ မောင်နှမလိုချစ်တာ ဖြစ်နိုင်ပါတယ်။ ရှိတော့ရှိတယ်၊ ရှားတယ်။
? ၅၂၈ နဲ့ ၁၅၀၀ အချစ်ဘယ်အချစ်က ခိုင်မြဲပါသလဲ။
* ဘယ်အရာကမှ မခိုင်မြဲပါဘူး။ လူ့စိတ်ဟာ မှန်းဆရခက်ပြီးဖောက်ပြန်တတ်တဲ့ သဘောရှိတာမို့ အချိန်မရွေး ဖြစ်ပျက် ပြောင်းလဲသွားနိုင်ပါတယ်။
? အိမ်ထောင်ဖက် ရွေးချယ်တဲ့နေရာမှာ ဦးနှောက်နဲ့ ရွေးချယ်ရမလား၊ နှလုံးသားနဲ့ ရွေးချယ်ရမလား။
* ဦးနှောက်နဲ့ ရွေးချယ်တာမျိုးက ရင်ခုန်သံမပါလို့ ဟန်မကျပါဘူး။
နှလုံးသားနဲ့ ရွေးချယ်တော့လည်း အမှန်အမှားကို မခွဲခြားတတ်တာမို့ မှားတတ်ပါတယ်။
ရင်ခုန်သံမြန်ပြီး ဦးနှောက်က လက်ခံတာမျိုး ရွေးချယ်တာအကောင်းဆုံးပါဘဲ။
တခါတရံ ဦးနှောက်နဲ့ နှလုံးသားထပ်တူမကျဘဲ ရွေးချယ်ရတာမျိုး ရှိတတ်ပါတယ်။ အဲဒီလို အခြေအနေမျိုးကြုံခဲ့ရင် ဦးနှောက်ကိုပဲ ဦးစားပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးနှောက်ကို ရွေးချယ်တာက ထမင်းမငတ်အောင် စဉ်းစားတာ အခြေခံလို့ပါဘဲ။