Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts


အတိတ်ကာလ အချိန်လေးတွေမှာ
မင်းနဲ့ကိုယ် ဘာလို့ မဆုံခဲ့ပါလိမ့်
နှမြောဖို့ကောင်းလိုက်တဲ့ နာရီတွေရယ်
မြားဦးလေးတစ်စုံ
နောက်ပြန်လှည့်လို့လည်း မရလေတော့
စိတ်ကိုဖြေလိုက်ပါတယ်
ဒီကနေ့ နဲ့
လာမဲ့မနက်ဖြန်တွေမှာ
မင်းကို ကြင်နာယုယဖို့
ကိုယ့်ရင်ခွင်ကြားမှာ ထွေးပွေ့ထားဖို့
ဘယ်တော့မှ မဝေးအောင်
တို့နှစ်ယောက် စွမ်းဆောင်ကြမယ်
ရှိတဲ့အချိန်လေးလည်း ပျော်ပါတယ်.....


ရင်ခုန်တာ နင်မသိပေမယ့်နင်သိအောင်လည်း မပြောတော့ပါ.....
ဝေဒနာ မမြင်မိသူအတွက်မြင်မိအောင်လည်း မပြတော့ပါ
ရင်ခုန်သံ မျက်နှာချင်းဆိုင်သူမို့
ဗလာကျင်းတဲ့ (နင့်)နှလုံးသားမှာ
မုန်းပွားစရာ အချစ်လည်း မဖြည့်တော့ပါ.....
လိုအင်ကို အစိမ်းချုပ် သိမ်းထုပ်လို့ လုံခြုံစွာ
ဆန္ဒကို ရေမှာမျှောနင်သောသောရယ်ဖို့ပါ.....
နင်မသိ မမြင်မိပေမယ့်အစဉ်ရှိ အချစ်တေးတို့
သခင်ဝေးတဲ့ ငါ့ရင်မှာပေးဆပ်ဖို့ ရှင်သန်
ဒဏ်ရာတွေ နင်မရအောင်
ခရေအသွင်နဲ့မြေပြင်မှာ ဖြန့်ကာကြဲလိုက်မယ်.....
နှလုံးသားကို လမ်းခင်းချစ်သူနှင်းလို့ လျှေက်စမ်းလေ.....
သြော် နှလုံးသားကို လမ်းခင်းချစ်သူနှင်းလို့ လျှေက်စမ်းလေ.....။

စိန်ပန်းတွေကြွေ
ကံကော်မြေဒီရင်ထဲ
လွမ်းမျက်ရည်ရွှဲ။
မျက်ရည်များဝဲလျက်သာ
ကန်တော့ကြပါတပည့်တို့ရဲ့
ရှိုက်ငင်ကာတုန်ရင်သံနဲ့
ဆုပေးသည်ပဲ။
မှားခဲ့မိအပြစ်တွေဆို
ဆရာ့ကိုတောင်းပန်ကြရင်း
သုံးနှစ်တာ ပျော်ရွှင်ရက်တွေသို့
ပြန်တွေးကာ မျက်ရည်ကျရတယ်
နှုတ်ဆက်သည့် ပွဲ.......။

အချစ်မှာ
မတူညီတဲ့ ခံစားချက်တွေနဲ့
ရည်ညွှန်းကြသလို
မင်းရဲ့ အချစ်ဒသနကို
ငါသိချင်လိုက်တာ။
နှလုံးသားမှာ
မင်းမျက်ဝန်းရဲ့ ပြုစားမှုကြောင့်
ပုံမှန်မဟုတ်တဲ့ ငါ့ရဲ့ရင်ခုန်သံကို
ဘာသာပြန်နေမိတာ ကြာခဲ့ပြီကော......။
ဘဝမှာ
စောင့်ရတဲ့အလုပ်ကို မုန်းတာ
ကလေးဘဝထဲကပေါ့။
မင်းဘက်မှာ
ငါ့ရဲ့ မျှော်လင့်ချက်အလင်းရောင်ကို
တောက်ပစေမည့် စကားတစ်ခွန်း
ဒါမှမဟုတ်
အိပ်မက်ကို ရိုက်ချိုးမည့်လှုပ်နှိုးမှု
တစ်ခုခုရှိခဲ့မယ်ဆိုရင်
ငါ့နှလုံးသားကို
ရူးသွပ်မှု ကျိန်စာဆိုးမှ
လွတ်မြောက်ခွင့် ပေးလှည့်ပါ........။

ကြည့်လေရာနေရာတိုင်းစိမ်းပြာလို့
တောင်ဝိုင်းတောင်ကြီး ကာရံထားသော
ပန်းချီမမီနိုင်တဲ့အလှတရားတို့စုစည်းရာ
အဖြူရောင်သံယောဇဉ်တွေနဲ့တည်ဆောက်ထားသော
တို့ရဲ့မော်လမြိုင်ကျောင်းတော်ကြီး
မှာ
ရာစုနှစ်တစ်ခုတည်းမှာတို့တွေဆုံဆည်းခဲ့ကြတာ
ရင်မှာမမေ့နိုင်စရာတွေပွေ့ပိုက်ပြီး
ရင်ထဲကဘာသာစကားအသီးသီးကို
၂၀၀၅-၀၆-၀၇ ဒိုင်ယာရီထဲထည့်ပြီး
ကျောင်းတော်ကြီးကို ခွဲခွာခဲ့ကြရတာအခုထိ
မမေ့နိုင်သေးပါဘူး
သူငယ်ချင်းရယ်
စမ်းသီတာက စာသင်ခန်းလေး
နဲ့
ရာမညကနေ့ရက်တွေကိုမမေ့နိုင်သလို
သမိန်ဗရမ်းကစာသင်ခန်းလေးကိုလည်း
သတိရနေတယ်........။
သူငယ်ချင်းရယ်.........။

Welcome from my blog.

Search for

Subscribe via email

Enter your email address:

Delivered by FeedBurner

Followers

ပြောချင်ရာပြော

အကြံပေးစာများ

ဆက်သွယ်နိုင်သည်။


winpasan1989@gmail.com

Friends' Blog


World News


Counter


free counter

ဧည့်သည်များ

free counters

ThaiClock

My Traffic Feed

My Traffic Map

လာရောက်သူများ

Popular Post

Widget by Blogger Widgets

မြန်မာပြက္ခဒိန်

အဖြူရောင်သံစဉ်

အဖြူရောင်သံစဉ် ရေဒီယို

Search for

How about this blog?

Recommended Reading

Total posts and comments

Advertise

Back to Top button