ကြည့်လေရာနေရာတိုင်းစိမ်းပြာလို့
တောင်ဝိုင်းတောင်ကြီး ကာရံထားသော
ပန်းချီမမီနိုင်တဲ့အလှတရားတို့စုစည်းရာ
အဖြူရောင်သံယောဇဉ်တွေနဲ့တည်ဆောက်ထားသော
တို့ရဲ့မော်လမြိုင်ကျောင်းတော်ကြီး
မှာ
ရာစုနှစ်တစ်ခုတည်းမှာတို့တွေဆုံဆည်းခဲ့ကြတာ
ရင်မှာမမေ့နိုင်စရာတွေပွေ့ပိုက်ပြီး
ရင်ထဲကဘာသာစကားအသီးသီးကို
၂၀၀၅-၀၆-၀၇ ဒိုင်ယာရီထဲထည့်ပြီး
ကျောင်းတော်ကြီးကို ခွဲခွာခဲ့ကြရတာအခုထိ
မမေ့နိုင်သေးပါဘူး
သူငယ်ချင်းရယ်
စမ်းသီတာက စာသင်ခန်းလေး
နဲ့
ရာမညကနေ့ရက်တွေကိုမမေ့နိုင်သလို
သမိန်ဗရမ်းကစာသင်ခန်းလေးကိုလည်း
သတိရနေတယ်........။
သူငယ်ချင်းရယ်.........။
0 comments:
Post a Comment
May I know your suggestion.Please!