အတိတ်ကာလ အချိန်လေးတွေမှာ
မင်းနဲ့ကိုယ် ဘာလို့ မဆုံခဲ့ပါလိမ့်
နှမြောဖို့ကောင်းလိုက်တဲ့ နာရီတွေရယ်
မြားဦးလေးတစ်စုံ
နောက်ပြန်လှည့်လို့လည်း မရလေတော့
စိတ်ကိုဖြေလိုက်ပါတယ်
ဒီကနေ့ နဲ့
လာမဲ့မနက်ဖြန်တွေမှာ
မင်းကို ကြင်နာယုယဖို့
ကိုယ့်ရင်ခွင်ကြားမှာ ထွေးပွေ့ထားဖို့
ဘယ်တော့မှ မဝေးအောင်
တို့နှစ်ယောက် စွမ်းဆောင်ကြမယ်
ရှိတဲ့အချိန်လေးလည်း ပျော်ပါတယ်.....

0 comments:
Post a Comment
May I know your suggestion.Please!