Aug
27

Post မတင်ဖြစ်တာတောင်အတော်ကြာသွားပြီး ဒီနေ့တော့အားတာနဲ့ စာနည်းနည်းတင်ဖြစ်တယ် သူငယ်ချင်းတွေလည်း ဗဟုသုတရအောင်လို့ဝေမျှပေးလိုက်ပါတယ်။
? သူငယ်ချင်းဆိုတာဘာလဲ။ သူငယ်ချင်းကောင်းဆိုတာဘာလဲ။
* သူငယ်ချင်းဆိုတာ ရင်ထဲမှာ ဖြူစင်သန့်ရှင်းစွာ နေရာယူထားသူပေါ့။ သူငယ်ချင်းကောင်းဆိုတာကတော့ ကိုယ်နဲ့အတူ အေးအတူပူအမျှ ဝေမျှခံစားနိုင်တဲ့သူ အချင်းချင်းအပြန်အလှန် ရင်ဘတ်ပေးပြီးပေါင်းကြသလို အရေးအကြောင်းရှိရင် ခေါင်းမရှောင်ဘဲ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပေးတဲ့သူမျိုးပေါ့။
? လူတစ်ယောက်ရဲ့ဘ၀အောင်မြင်ဖို့အတွက် ဘာအရေးကြီးဆုံးလဲ။
* လူတစ်ယောက်ရဲ့ဘ၀အောင်မြင်ဖို့အတွက် ပြင်းပြတဲ့စိတ်ရှိနေဖို့ပါဘဲ။ ကိုယ်ဖြစ်ချင်တာ အောင်မြင်ချင်တာ ဘာလဲဆိုတာ အသေအချာသိပြီး ဖြစ်ချင်တဲ့စိတ် အမြဲမပြတ် ရင်ထဲမှာ ခေါင်းထဲမှာ ရှိနေဖို့ပါဘဲ။
? လူတစ်ယောက်ဟာ ဘယ်နှစ်ခါချစ်လို့ရပါသလဲ။
* သဘာဝအတိုင်းဆိုရင် လူတစ်ယောက်ဟာ အကြိမ်များစွာ ချစ်နိုင်ပါတယ်။ သံယောဇဉ်ကို မွေးဖွားပေးတဲ့ ချစ်တတ်တဲ့နှလုံးသားဆိုတာ အသက်သေမှပဲ ရပ်သွားတာမျိုးပါ။ မောင်နှမအရင်းမဟုတ်ဘဲ မောင်နှမလိုချစ်တာ ဖြစ်နိုင်ပါတယ်။ ရှိတော့ရှိတယ်၊ ရှားတယ်။
? ၅၂၈ နဲ့ ၁၅၀၀ အချစ်ဘယ်အချစ်က ခိုင်မြဲပါသလဲ။
* ဘယ်အရာကမှ မခိုင်မြဲပါဘူး။ လူ့စိတ်ဟာ မှန်းဆရခက်ပြီးဖောက်ပြန်တတ်တဲ့ သဘောရှိတာမို့ အချိန်မရွေး ဖြစ်ပျက် ပြောင်းလဲသွားနိုင်ပါတယ်။
? အိမ်ထောင်ဖက် ရွေးချယ်တဲ့နေရာမှာ ဦးနှောက်နဲ့ ရွေးချယ်ရမလား၊ နှလုံးသားနဲ့ ရွေးချယ်ရမလား။
* ဦးနှောက်နဲ့ ရွေးချယ်တာမျိုးက ရင်ခုန်သံမပါလို့ ဟန်မကျပါဘူး။
နှလုံးသားနဲ့ ရွေးချယ်တော့လည်း အမှန်အမှားကို မခွဲခြားတတ်တာမို့ မှားတတ်ပါတယ်။
ရင်ခုန်သံမြန်ပြီး ဦးနှောက်က လက်ခံတာမျိုး ရွေးချယ်တာအကောင်းဆုံးပါဘဲ။
တခါတရံ ဦးနှောက်နဲ့ နှလုံးသားထပ်တူမကျဘဲ ရွေးချယ်ရတာမျိုး ရှိတတ်ပါတယ်။ အဲဒီလို အခြေအနေမျိုးကြုံခဲ့ရင် ဦးနှောက်ကိုပဲ ဦးစားပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးနှောက်ကို ရွေးချယ်တာက ထမင်းမငတ်အောင် စဉ်းစားတာ အခြေခံလို့ပါဘဲ။

Jul
27

Jul
26


အတိတ်ကာလ အချိန်လေးတွေမှာ
မင်းနဲ့ကိုယ် ဘာလို့ မဆုံခဲ့ပါလိမ့်
နှမြောဖို့ကောင်းလိုက်တဲ့ နာရီတွေရယ်
မြားဦးလေးတစ်စုံ
နောက်ပြန်လှည့်လို့လည်း မရလေတော့
စိတ်ကိုဖြေလိုက်ပါတယ်
ဒီကနေ့ နဲ့
လာမဲ့မနက်ဖြန်တွေမှာ
မင်းကို ကြင်နာယုယဖို့
ကိုယ့်ရင်ခွင်ကြားမှာ ထွေးပွေ့ထားဖို့
ဘယ်တော့မှ မဝေးအောင်
တို့နှစ်ယောက် စွမ်းဆောင်ကြမယ်
ရှိတဲ့အချိန်လေးလည်း ပျော်ပါတယ်.....

Jul
25

(၁) Q: ရာသီအရွေး မိုးရွာအောင် ဖန်တီးနိုင်သူဟာ ဘယ်သူလဲ.....
A: မုန်တိုင်း

(၂) Q: အရွက် အသီး အမြစ်မရှိတဲ့ အပင်ဟာ ဘာအပင်လဲ.....
A: ဘော့ပင်

(၃) Q: "ပျော်" တာကို မနှစ်သက်တဲ့ လူတစ်စုရှိတယ် သူတို့က ဘယ်သူတွေလဲ.....
A: ရေခဲ၊ ရေခဲချောင်း၊ ရေခဲမုန့် နှင့် ရေခဲထုပ် လုပ်ရောင်းသူများ

(၄) Q: ဘယ်လောက် သိမ်းသိမ်း မပုပ်မသိုးတဲ့ အသီးဟာ ဘာအသီးလဲ.....
A: ကြယ်သီး ပေါ့

(၅) Q: ထင်ရှားသော မြို့တစ်မြို့အမည်နဲ့ မုန့်ဟာ ဘာမုန့်လဲ.....
A: မန္တလေးပဲကြော်

Jul
23

(၁) Q: စာပို့သမားအကြောက်ဆုံးစာတန်းတစ်ခုရှိတယ် အဲဒါ ဘာစာတန်းလဲ.....သိလား
A: အဲဒါ " သတိ ခွေးကိုက်တတ်သည် ဆိုတဲ့ စာတန်းပဲ"
(၂) Q: ငှက်တော့ငှက်ပဲ ဒါပေမဲ့ မပျံဘူး။ ပြီးတော့ အကြီးဆုံး ငှက်လည်း ဖြစ်တယ် ဘာငှက်လည်း သိလား.....
A: အဲဒါ " ငှက်ကုလားအုပ်"
(၃) Q: ဘောလုံးပွဲ ကွင်းထဲမှာ အဝါကဒ် လုံးဝမပြခဲ့ရတာ ဘယ်သူလဲ(ဒိုင်လူကြီးကလွဲရင်ပေါ့).....
A: အဲဒါ " ဘောလုံး"
(၄) Q: ထုတ်ဝေသူက ကာတွန်းဆရာတစ်ဦးကို ဘာကြောင့် ငွေတွေ အများကြီးပေးရတာလဲ.....
A: အဲဒီ ကာတွန်းဆရာက နာမည်ကြီးကာတွန်းဆရာ မို့လို့ပေါ့
(၅) Q: အာကာသသူရဲကောင်းတစ်ဦးဟာ လပေါ်အရောက် လေပြင်းဒဏ်ကြောင့် အရေးပေါ် ရောက်နေတယ် အဲဒါ သေမလား ရှင်မလား.....
A: မသေဘူး(လပေါ်မှာ လေမရှိလို့)

Jul
22


(၁၂.၈.၂၀၀၉) ရက်နေ့မှာ ကျရောက်သော အမေများနေ့တွင် ကမ္ဘာပေါ်တွင်ရှိသော အမေများအားလုံးပျော်ရွှင် နိုင်ကြပါစေ။ စိတ်ကျန်းသာ ကိုယ်ကျန်းမာကြပါစေ။ ဘေးအန္တရယ် ကင်းရှင်းကြပါစေ။
သား/သမီးများအားလုံးကိုယ်စား
ဆုတောင်းလျှက်

Jul
22


ရင်ခုန်တာ နင်မသိပေမယ့်နင်သိအောင်လည်း မပြောတော့ပါ.....
ဝေဒနာ မမြင်မိသူအတွက်မြင်မိအောင်လည်း မပြတော့ပါ
ရင်ခုန်သံ မျက်နှာချင်းဆိုင်သူမို့
ဗလာကျင်းတဲ့ (နင့်)နှလုံးသားမှာ
မုန်းပွားစရာ အချစ်လည်း မဖြည့်တော့ပါ.....
လိုအင်ကို အစိမ်းချုပ် သိမ်းထုပ်လို့ လုံခြုံစွာ
ဆန္ဒကို ရေမှာမျှောနင်သောသောရယ်ဖို့ပါ.....
နင်မသိ မမြင်မိပေမယ့်အစဉ်ရှိ အချစ်တေးတို့
သခင်ဝေးတဲ့ ငါ့ရင်မှာပေးဆပ်ဖို့ ရှင်သန်
ဒဏ်ရာတွေ နင်မရအောင်
ခရေအသွင်နဲ့မြေပြင်မှာ ဖြန့်ကာကြဲလိုက်မယ်.....
နှလုံးသားကို လမ်းခင်းချစ်သူနှင်းလို့ လျှေက်စမ်းလေ.....
သြော် နှလုံးသားကို လမ်းခင်းချစ်သူနှင်းလို့ လျှေက်စမ်းလေ.....။

Jul
21

နေညိုချိန် ညနေခင်းရဲ့အလှတရားဆည်းဆာ
အိမ်ပြန်ချိန် လမ်းတွေတလျှောက်လုံးမှာ
ငါရင်ခုန်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ဟာ
ငါ့ရဲ့ရှေ့မှာလာ
ရီဝေစွာ ငေးကာပြန်လည့်သွားခဲ့တာ
ဘာကြောင့်လဲ ပြောပါကလေးရာ
အိမ်မက်ထဲက နတ်သမီးလေးဟာ
အချစ်ဆုံး မင်းပါကွာ..............။

Jul
21

တို့ရဲ့ pooh လေးမှာလည်း အသည်းနှလုံးနဲ့နော် သူကလည်း I Love You လို့ ပြောတတ်တယ်နော်....။

တို့ရဲ့ pooh လေးက စတိုင်ကျကျ နဲ့ နေတဲ့ပုံစံလေးက ချစ်စရာမကောင်းဘူးလား.....?




Jul
21

စိန်ပန်းတွေကြွေ
ကံကော်မြေဒီရင်ထဲ
လွမ်းမျက်ရည်ရွှဲ။
မျက်ရည်များဝဲလျက်သာ
ကန်တော့ကြပါတပည့်တို့ရဲ့
ရှိုက်ငင်ကာတုန်ရင်သံနဲ့
ဆုပေးသည်ပဲ။
မှားခဲ့မိအပြစ်တွေဆို
ဆရာ့ကိုတောင်းပန်ကြရင်း
သုံးနှစ်တာ ပျော်ရွှင်ရက်တွေသို့
ပြန်တွေးကာ မျက်ရည်ကျရတယ်
နှုတ်ဆက်သည့် ပွဲ.......။

Jul
20

လူတွေမှာ ပျော်ရွှင်တာ၊ မပျော်ရွှင်တာ ရှိတယ်။ စိတ်ချမ်းသာတာ၊ စိတ်ဆင်းရဲတာ ရှိတယ်။ အချို့အတော်များများမှာ စိတ်ဆင်းရဲတာတော့ မဟုတ်ဘူး။ မပျော်ရွှင်ဘဲ နေရတာမျိုးတွေ ရှိတတ်တယ်။ စိတ်ညစ်ရတာလား၊ စိတ်ဆင်းရဲနေတာလားလို့မေးရင်လည်း မဟုတ်ပြန်ဘူး။
စိတ်ဖိစီးမှု ဆိုတာ အဲဒီကစတာပဲ။ စိတ်ဖိစီးမှုဖြစ်လာရင် ကျန်းမာရေးကို ထိခိုက်လာတယ်။ စိတ်ဖိစီးမှုကို နာတာရှည်ရောဂါတစ်ခုလို ဖြစ်မလာခင် ကာကွယ်လို့ရတယ်။ ကာကွယ်နည်းကတော့ ဘဝမှာ ပျော်ရွှင်အောင်နေထိုင်ခြင်းပဲဖြစ်တယ်။
ပျော်ရွှင်အောင် ဘယ်လိုနေရမယ်ဆိုတာသိရင် မပျော်မရွှင်နေရတဲ့ အနေအထားကို ကျော်လွှားနိုင်တာပေါ့။
ပညာရှင်တွေ ခြုံငုံပြီးပြောကြတာကတော့ ပျော်ရွှင်နေကြတဲ့လူတွေမှာ-

  • ချစ်ရမယ့်သူ ရှိတယ်။
  • လုပ်ရမယ့်အလုပ် ရှိတယ်။
  • မျှော်လင့်စရာ ရှိတယ်။

ချစ်ရမယ့်သူဆိုတာ ချစ်သူရည်းစား၊ အိမ်ထောင်ဖက် စတာတွေကိုပဲ ပြောတာမဟုတ်ပါဘူး။ ခွေးကလေး၊ ကြောင်ကလေးလည်း ဖြစ်ချင်ဖြစ်မယ်။ ချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်လည်း ဖြစ်ချင်ဖြစ်မယ်။ ဆိုလိုတာက မိမိရင်ထဲမှာရှိနေတဲ့ ချစ်ခြင်းကို ထုတ်လွှတ်ပြီး ချစ်ရတဲ့သူဖြစ်မယ်။

အလုပ်လုပ်ရာတွင်လည်း ထိုနည်းတူပါပဲ။ ပျော်ရွှင်တယ်ဆိုတာ ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်နေရခြင်းပဲ ဖြစ်ပါတယ်။

Jul
19

မော်လမြိုင် ကျောင်းတော်ကြီးရဲ့ စာကြည့်တိုက်......။
မော်လမြိုင်ကျောင်းတော်ကြီးရဲ့ အလှအပကို ခံစားကြည့်ပါရှင်.........။

Jul
19


Jul
19

အချစ်မှာ
မတူညီတဲ့ ခံစားချက်တွေနဲ့
ရည်ညွှန်းကြသလို
မင်းရဲ့ အချစ်ဒသနကို
ငါသိချင်လိုက်တာ။
နှလုံးသားမှာ
မင်းမျက်ဝန်းရဲ့ ပြုစားမှုကြောင့်
ပုံမှန်မဟုတ်တဲ့ ငါ့ရဲ့ရင်ခုန်သံကို
ဘာသာပြန်နေမိတာ ကြာခဲ့ပြီကော......။
ဘဝမှာ
စောင့်ရတဲ့အလုပ်ကို မုန်းတာ
ကလေးဘဝထဲကပေါ့။
မင်းဘက်မှာ
ငါ့ရဲ့ မျှော်လင့်ချက်အလင်းရောင်ကို
တောက်ပစေမည့် စကားတစ်ခွန်း
ဒါမှမဟုတ်
အိပ်မက်ကို ရိုက်ချိုးမည့်လှုပ်နှိုးမှု
တစ်ခုခုရှိခဲ့မယ်ဆိုရင်
ငါ့နှလုံးသားကို
ရူးသွပ်မှု ကျိန်စာဆိုးမှ
လွတ်မြောက်ခွင့် ပေးလှည့်ပါ........။

Jul
18

Jul
18

ကြည့်လေရာနေရာတိုင်းစိမ်းပြာလို့
တောင်ဝိုင်းတောင်ကြီး ကာရံထားသော
ပန်းချီမမီနိုင်တဲ့အလှတရားတို့စုစည်းရာ
အဖြူရောင်သံယောဇဉ်တွေနဲ့တည်ဆောက်ထားသော
တို့ရဲ့မော်လမြိုင်ကျောင်းတော်ကြီး
မှာ
ရာစုနှစ်တစ်ခုတည်းမှာတို့တွေဆုံဆည်းခဲ့ကြတာ
ရင်မှာမမေ့နိုင်စရာတွေပွေ့ပိုက်ပြီး
ရင်ထဲကဘာသာစကားအသီးသီးကို
၂၀၀၅-၀၆-၀၇ ဒိုင်ယာရီထဲထည့်ပြီး
ကျောင်းတော်ကြီးကို ခွဲခွာခဲ့ကြရတာအခုထိ
မမေ့နိုင်သေးပါဘူး
သူငယ်ချင်းရယ်
စမ်းသီတာက စာသင်ခန်းလေး
နဲ့
ရာမညကနေ့ရက်တွေကိုမမေ့နိုင်သလို
သမိန်ဗရမ်းကစာသင်ခန်းလေးကိုလည်း
သတိရနေတယ်........။
သူငယ်ချင်းရယ်.........။

Jul
18

Coffee ကို လူသန်းပေါင်းများစွာ သောက်သုံးနေကြပါသည်။ သို့သော် Coffee ကို နှပ်သောက်ခြင်း သည်ကျန်းမာရေးကို ထိခိုက်စေသည်မှာ ယနေ့သုံးသပ်ချက်အရ မဟုတ်တော့ပါ။ Coffee သည် နှလုံးကို ထိခိုက်စေသည်ကို သတင်းစာအမျိုးမျိုးတွင်တွေ့ရသည်။ ဥရောပနိုင်ငံမှ အနှစ်(၂၀) ခန့်သုတေသနလုပ်ဆောင်ချက်အရ အလွန်ပြင်းသော Coffeeကို နေ့စဉ်ပုံမှန်သောက်သုံးပါက နှလုံးအခန်းရှိ အကြောများတွင် အဆီတစ်မျိုးဟု ခေါ်သော(cholesterol)များပိတ်ဆို့လာနိုင်သည်။ သုတေသန ပညာရှင်များက ကော်ဖီမှ အဆီကဲ့သို့သော ဓာတုဒြပ်ပေါင်းများကို ထုတ်နှုတ်လျှင် နှလုံးခုန်နှုန်း တိုးတက်လာသည်ကိုသက်သေပြခဲ့သည်။

Jul
13

Jul
13
Jul
13
Jul
10

“ဝမ်းနည်းကြေကွဲမှုအတွက် ကုစားစရာတစ်ခုခု လူသားမှာရှိပါသလား?” ဆိုတဲ့ မေးခွန်းကို ဖြေတဲ့အဖြေတစ်ခုက....ဘုရားသခင်ကသာဖယ်ရှားပေးနိုင်ပါတယ်။ ဝမ်းနည်းကြေကွဲမှုအတွက် လူသားကိုယ်တိုင်ပြုလုပ်နိုင်တဲ့ ဖြေဆေး (၅) မျိုးရှိပါတယ်။
(၁) နှစ်သက်ကြည်နူးစရာကောင်းသော ပြုမူလှုပ်ရှားမှုသည် စိတ်ကိုငြိမ်းအေးစေပါသည်။
(၂) မျက်ရည်ဆိုတာ မျက်လုံးတွေကို သန့်စင်ပေးသောအရာ ဆိုသည့်အတိုင်း လိုအပ်ရင်ငိုပစ်လိုက်ရပါမယ်။
(၃) မိမိကိုနားလည်ပေးနိုင်သော နှစ်သိမ့်ပေးနိုင်သော မိတ်ဆွေ သို့ ချစ်သူ လိုအပ်တယ်။
(၄) လောကနဲ့ပတ်သက်သောအမှန်တရားတွေကို သင်ယူလေ့လာဖို့လိုအပ်တယ်။
နောက်ဆုံးတစ်ခုက ရေချိုးခြင်းနဲ့အိပ်စက်ခြင်း တို့ပဲဖြစ်တယ်။

Jul
10
Jul
10
Jun
27
Jun
26

ကြိုက်နှစ်သက်ရာ အကြံပြုစာများကို ရေးသားပေးပို့နိုင်ပါသည်။

အမည်
အီးမေးလ်လိပ်စာ
အကြောင်းအရာ
အသေးစိတ်အကြောင်းအရာ
ပူးတွဲပို့လိုသောဖိုင်
Image Verification
Please enter the text from the image
[ Refresh Image ] [ What's This? ]

Welcome from my blog.

Search for

Subscribe via email

Enter your email address:

Delivered by FeedBurner

Followers

ပြောချင်ရာပြော

အကြံပေးစာများ

ဆက်သွယ်နိုင်သည်။


winpasan1989@gmail.com

Friends' Blog


World News


Counter


free counter

ဧည့်သည်များ

free counters

ThaiClock

My Traffic Feed

My Traffic Map

လာရောက်သူများ

Popular Post

Widget by Blogger Widgets

မြန်မာပြက္ခဒိန်

အဖြူရောင်သံစဉ်

အဖြူရောင်သံစဉ် ရေဒီယို

Search for

How about this blog?

Recommended Reading

Total posts and comments

  • Total Posts: 25
  • Total Comments: 3

Advertise

Back to Top button