လူတွေမှာ ပျော်ရွှင်တာ၊ မပျော်ရွှင်တာ ရှိတယ်။ စိတ်ချမ်းသာတာ၊ စိတ်ဆင်းရဲတာ ရှိတယ်။ အချို့အတော်များများမှာ စိတ်ဆင်းရဲတာတော့ မဟုတ်ဘူး။ မပျော်ရွှင်ဘဲ နေရတာမျိုးတွေ ရှိတတ်တယ်။ စိတ်ညစ်ရတာလား၊ စိတ်ဆင်းရဲနေတာလားလို့မေးရင်လည်း မဟုတ်ပြန်ဘူး။
စိတ်ဖိစီးမှု ဆိုတာ အဲဒီကစတာပဲ။ စိတ်ဖိစီးမှုဖြစ်လာရင် ကျန်းမာရေးကို ထိခိုက်လာတယ်။ စိတ်ဖိစီးမှုကို နာတာရှည်ရောဂါတစ်ခုလို ဖြစ်မလာခင် ကာကွယ်လို့ရတယ်။ ကာကွယ်နည်းကတော့ ဘဝမှာ ပျော်ရွှင်အောင်နေထိုင်ခြင်းပဲဖြစ်တယ်။
ပျော်ရွှင်အောင် ဘယ်လိုနေရမယ်ဆိုတာသိရင် မပျော်မရွှင်နေရတဲ့ အနေအထားကို ကျော်လွှားနိုင်တာပေါ့။
ပညာရှင်တွေ ခြုံငုံပြီးပြောကြတာကတော့ ပျော်ရွှင်နေကြတဲ့လူတွေမှာ-
- ချစ်ရမယ့်သူ ရှိတယ်။
- လုပ်ရမယ့်အလုပ် ရှိတယ်။
- မျှော်လင့်စရာ ရှိတယ်။
ချစ်ရမယ့်သူဆိုတာ ချစ်သူရည်းစား၊ အိမ်ထောင်ဖက် စတာတွေကိုပဲ ပြောတာမဟုတ်ပါဘူး။ ခွေးကလေး၊ ကြောင်ကလေးလည်း ဖြစ်ချင်ဖြစ်မယ်။ ချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်လည်း ဖြစ်ချင်ဖြစ်မယ်။ ဆိုလိုတာက မိမိရင်ထဲမှာရှိနေတဲ့ ချစ်ခြင်းကို ထုတ်လွှတ်ပြီး ချစ်ရတဲ့သူဖြစ်မယ်။
အလုပ်လုပ်ရာတွင်လည်း ထိုနည်းတူပါပဲ။ ပျော်ရွှင်တယ်ဆိုတာ ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်နေရခြင်းပဲ ဖြစ်ပါတယ်။
0 comments:
Post a Comment
May I know your suggestion.Please!