(၁) Q: စာပို့သမားအကြောက်ဆုံးစာတန်းတစ်ခုရှိတယ် အဲဒါ ဘာစာတန်းလဲ.....သိလား
A: အဲဒါ " သတိ ခွေးကိုက်တတ်သည် ဆိုတဲ့ စာတန်းပဲ"
(၂) Q: ငှက်တော့ငှက်ပဲ ဒါပေမဲ့ မပျံဘူး။ ပြီးတော့ အကြီးဆုံး ငှက်လည်း ဖြစ်တယ် ဘာငှက်လည်း သိလား.....
A: အဲဒါ " ငှက်ကုလားအုပ်"
(၃) Q: ဘောလုံးပွဲ ကွင်းထဲမှာ အဝါကဒ် လုံးဝမပြခဲ့ရတာ ဘယ်သူလဲ(ဒိုင်လူကြီးကလွဲရင်ပေါ့).....
A: အဲဒါ " ဘောလုံး"
(၄) Q: ထုတ်ဝေသူက ကာတွန်းဆရာတစ်ဦးကို ဘာကြောင့် ငွေတွေ အများကြီးပေးရတာလဲ.....
A: အဲဒီ ကာတွန်းဆရာက နာမည်ကြီးကာတွန်းဆရာ မို့လို့ပေါ့
(၅) Q: အာကာသသူရဲကောင်းတစ်ဦးဟာ လပေါ်အရောက် လေပြင်းဒဏ်ကြောင့် အရေးပေါ် ရောက်နေတယ် အဲဒါ သေမလား ရှင်မလား.....
A: မသေဘူး(လပေါ်မှာ လေမရှိလို့)
1 comments:
လာလည်တယ်နော်...မေးခွန်းနဲ့ အဖြေလေးတွေကို လိုချင်တာလေးတွေ ကူးသွားတယ်နော် ကျေးဇူးတင်ပါတယ်
Post a Comment
May I know your suggestion.Please!